
School Forum
ကျောင်း၏School Forumတွင် ကျောင်းရှိဆရာ/ဆရာမများနှင့်
ကျောင်းသူ/သားများပါဝင်ဆွေးနွေးဖလှယ်ထားကြသည့်
သတင်းအချက်အလက်များနှင့်ဆွေးနွေးပွဲမှတ်တမ်းများကို
ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

Trainee List
နည်းပညာမြှင့်တင်ရေး သင်တန်းဌာန (ဘယ်လင်း)မှ
သင်တန်းများ အောင်မြင်စွာ
ပြီးဆုံးသွားသူများစာရင်းကို
ကြည့်ရှုနိုင်ပါသည်။

Our Courses
နည်းပညာမြှင့်တင်ရေး သင်တန်းဌာန (ဘယ်လင်း)
တွင် ယနေ့သင်ကြားပေးနေသော
ဘာသာရပ်များမှာကို
ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
နည်းပညာမြှင့်တင်ရေး သင်တန်းဌာန (ဘယ်လင်း)

ကျောင်းအုပ်ကြီး၏ နှုတ်ခွန်းဆက် အမှာစကား
မင်္ဂလာပါ….
နည်းပညာနှင့်သက်မွေးပညာရေး၏ အဓိကရည်ရွယ်ချက်မှာ သင်ယူသူတို့အား အလုပ်အကိုင်ရရှိရန်နှင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်ရန်အတွက် လိုအပ်သောအသိပညာနှင့် ကျွမ်းကျင်တတ်မြောက်မှုများကို လေ့ကျင့်သင်ကြားပေးရန်ဖြစ်ပါသည်။
ထိုသို့ အရည်အသွေးပြည့်ဝပြီး လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိသော ကျွမ်ကျင်သူများအဖြစ် လေ့ကျင့်သင်ကြားပေးနိုင်ရန် နည်းပညာသက်မွေး ပညာကဏ္ဍရှိ ဆရာ၊ဆရာမများသည် ဘာသာရပ်ဆိုင်ရာစာတွေ့လက်တွေ့ ကျွမ်းကျင်တတ်မြောက်မှုများရှိရမည့်အပြင် သင်ကြားသင်ယူမှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့်ပါ ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ပါသည်။
၂၀၁၆ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော နည်းပညာနှင့် သက်မွေးပညာရေးနှင့်လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ “နိုင်ငံသူ၊နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်ဖို့အတွက် ပထမတန်းစား နည်းပညာနှင့်သက်မွေးပညာရေးစနစ် လိုအပ်ပါတယ်”ဟု လမ်းညွှန် မှာကြားခဲ့ပါသည်။ ပထမတန်းစား နည်းပညာနှင့်သက်မွေးပညာရေးစနစ် ဖြစ်လာစေရန် သင်ကြားသင်ယူမှုနည်းစနစ်များကို ပိုင်နိုင်စွာအသုံးချ၍ သင်ယူသူများအား လုပ်ငန်းခွင်တွင် လိုအပ်သော အသိပညာနှင့် လက်တွေ့လုပ်ငန်းများအားကျွမ်းကျင်တတ်မြောက်မှုရရှိအောင် လေ့ကျင့် သင်ကြားပေးနိုင်သည့် ပထမတန်းစား နည်းပညာနှင့်သက်မွေး ပညာဆိုင်ရာ ဆရာ၊ဆရာမများ လိုအပ်မည်ဖြစ်ပါသည်။
နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)သည် နည်းပညာ နှင့်သက်မွေးပညာကဏ္ဍမှ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းမျာအတွက် လိုအပ်သော သင်ကြားမှုဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ၊ နည်းပညာ ဆိုင်ရာလက်တွေ့ကျွမ်းကျင်မှုသင်တန်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချနိုင်ရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။ထိုသို့ဖွင့်လှစ်လျှက်ရှိသော အရည်အသွေး မြှင့်တင်မှုဆိုင်ရာသင်တန်းများတွင် ဆရာ၊ဆရာများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်ရာ သင်တန်းများသို့တက်ရောက်ကြပါရန် နည်းပညာ မြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)မှ နွေးထွေးစွာဖိတ်ခေါ်အပ်ပါသည်။